top of page
Hero Image Placeholder.png

KMA HOTEL’S CSR ACTIVITY

  • Writer: KMA  Group
    KMA Group
  • Jun 9, 2020
  • 1 min read

မုံရွာစီးပွားရေးတက္ကသိုလ် ဝါဏိဇ္ဇဗေဒဌာနမှ Royal Naypyitaw Hotel သို့ လေ့လာရေးမှတ်တမ်း

မုံရွာစီးပွားရေးတက္ကသိုလ်မှ လေ့လာရေးအဖွဲ့နှင့် Royal Naypyitaw Hotel မှ အဖွဲ့သားများ

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် မုံရွာစီးပွားရေးတက္ကသိုလ်ရှိ ဝါဏိဇ္ဇဗေဒဌာနမှ ပါမောက္ခ ဒေါက်တာ သင်းသင်းအေးနှင့် ဆရာ၊ ဆရာမ (၁၄) ယောက် ဦးဆောင်သော Commerce & Accounting နောက်ဆုံးနှစ်ကျောင်းသား၊ ကျောင်းသူများမှ နေပြည်တော်သို့ လေ့လာရေးခရီးစဉ်အဖြစ်လာရောက်ရင်း KMA Hotels Group ၏ ဟိုတယ်တစ်ခုဖြစ်သော Royal Naypyitaw Hotel ကိုလည်း လာရောက်လေ့လာခဲ့ကြပါသည်။ အဆိုပါ ခရီးစဉ်တွင် Royal Naypyitaw Hotel ၏ သက်ဆိုင်ရာတာဝန်ခံများမှ Hospitality နှင့် ပတ်သက်သော သိသင့်သိထိုက်သည့် အဓိပ္ပါယ်များ၊ Tourism နှင့် ပတ်သက်သော အခန်းကဏ္ဍများ၊ Marketing နှင့် ပတ်သက်သော Strategy များ၊ Customer Ser- vice များ၊ Operation Procedure များအား သိရှိစေရန်နှင့် ကျောင်းပြီးသွားသောအခါ Hospitality Industry နှင့်ပတ်သက်၍ အလုပ်လုပ်ချင်သော ကျောင်းသူ ကျောင်းသားများအား ဗဟုသုတ ရရှိစေရန် အသိပညာများ ဝေငှပြောကြားပေးခဲ့ပါသည်။ ထို့နောက် ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများအား Ingyin Ballroom တွင် Coffee Break များဖြင့် တည်ခင်းဧည့်ခံ၍ အမှတ်တရဓါတ်ပုံများဖြင့် မှတ်တမ်းတင်ခဲ့ပါသည်။

 
 
 

Comments


bottom of page