top of page
Hero Image Placeholder.png

KMA ARTS & CRAFTS SALES

Writer: KMA  Group
KMA Group
Jun 9, 2020
1 min read

ကုက္ကို၊ ကျွန်း၊ ပိတောက်၊ ယင်းတိုက်၊ ယမနေ စသည့် သစ်အမျိုးအစားမျိုးစုံနှင့် ထုလုပ်ထားသော လူ/တိရစ္ဆာန်တို့၏ အရွယ်အစားမျိုးစုံ၊ ပုံစံမျိုးစုံ၊ ခေတ်အလိုက် ဆင်ယင်ထုံးဖွဲ့မှုများနှင့် (စိတ်ကြိုက်/ မော်ဒန်) ပန်းပုရုပ်များ၊ ဘာသာရေးကိုးကွယ်မှုဆိုင်ရာ ပန်းပုရုပ်မျိုးစုံ ၊ ကုန်းနေ၊ ရေနေ သတ္တဝါများ၏ ပန်းပုရုပ်မျိုးစုံ မြန်မာ့ယဉ်ကျေးမှုတို့ကို ဖော်ညွှန်းထုလုပ်ထားသည့် ပန်းပုရုပ်ပေါင်းများစွာကို ရွှေပြည် Resort (ပန်းပုရွာ) တွင် လာရောက်လေ့လာနိုင်ပါသည်။ ၂၀၀၈ ခုနှစ် နာဂစ်အလွန်မှ စတင်၍ ထုလုပ်ခဲ့သည့် သစ်သားရုပ်ထုများ အနက်မှ ပြန်လည်ထုလုပ်ရန် မလွယ်ကူသည့် မြန်မာ့ဂုဏ်ဆောင်ပန်းပုရုပ်များမှအပ အခြားပန်းပုရုပ် အရွယ်စုံများကို အနုပညာမြတ်နိုးသူတို့၏ ဆန္ဒအရ သင့်တင့်သောနှုန်းထားများဖြင့် ပြန်လည် ရောင်းချပေးနေပြီဖြစ်ပါသည်။ ဟိုတယ်များ၊ ကုမ္ပဏီ အလုပ်ရုံးခန်းများ၊ နေအိမ်ဧည့်ခန်းများတွင် ကျက်သရေရှိစွာ အလှဆင်ထားနိုင်ရန်နှင့် ချစ်သူခင်သူများကို လက်ဆောင်ပေးရန်၊ ဂုဏ်ယူဝင့်ကြွားစွာ ပြသနိုင်မည့် လှပခန့်ညားသည့် သစ်သားပန်းပုရုပ်ပေါင်းများစွာကို အနုပညာ မြတ်နိုးသူများ လာရောက်ကြည့်ရှုလေ့လာ ဝယ်ယူအားပေးနိုင်ရန် စီစဉ်ထားရှိလျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ အကောင်းဆုံးနှင့် ထူးချွန်သော သစ်သားပန်းပုပညာရှင်များ၏ ကမ္ဘာ့အဆင့်မီ ပန်းပုရုပ်များစွာကို ရွှေပြည် Resort (ပန်းပုရွာ) ၌ လာရောက်ေလ့လာကြည့်ရှုနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

 
 
 

Comments


bottom of page