top of page
Hero Image Placeholder.png

Covid-19 Response

Writer: KMA  Group
KMA Group
Jun 9, 2020
1 min read

Updated: Feb 22, 2023

Read the full journal. Download pdf link below!



၀၂၀ ခုနှစ်စတင်သည့်အချိန်မှစ၍ ကမ္ဘာကြီးတွင် Covid-19 ဟုခေါ်သည့် ကူးစက်ရောဂါနှင့် ရင်ဆိုင်နေရသည်။ မတ်လအလယ်လောက်မှ စတင်ကာ KMA Group of Companies မှ ဝန်ထမ်းများ၏ လုံခြုံရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ဓာတ်လှေခါးအဝင်အထွက် နေရာများတွင် ဆပ်ပြာနှင့် လက်သန့်ဆေး ရည်များထားရှိပေးခြင်း၊ Mask များ ထောက်ပံ့ပေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်းများနှင့် ကျန်းမာရေး ပညာပေးပိုစတာများ ကပ်ထားပေးခြင်း၊ ဝန်ထမ်းများ ရုံးတက်၊ ရုံးဆင်းအဆင်ပြေစေရန် ဖယ်ရီများ စီစဉ်ပေးခြင်းများအား ဆောင်ရွက်ပေးခဲ့ပါသည်။ လုံခြုံရေးဝန်ထမ်းများနှင့် Receptionist များအတွက်လည်း Mask များ၊ လက်အိတ်များ၊ Face Shield များ၊ Apron များထောက်ပံ့ပေးကာ အပြည့်အစုံဝတ်ဆင်ပြီးမှ အလုပ်လုပ်ကိုင်ရန် ညွှန်ကြားခဲ့ပါသည်။ ထို့အပြင် လုံခြုံရေးဝန်ထမ်းများအတွက် အရေးပေါ် PPE ဝတ်စုံ (၅) စုံကိုလည်း ထားရှိပေးထားပါသည်။ Staff Canteen အပါအဝင် ဝင်ပေါက်၊ ထွက်ပေါက်များအပြင် ဘေစင်များအားလုံးကို ခြေနင်းလက်ဆေးဘေစင်များအဖြစ် ပြောင်းလဲတပ်ဆင်ပေးထားပါသည်။ စနေနေ့တိုင်းတွင်လည်း အလုပ်ခွင်ရှိ ကြမ်းခင်းများအားလုံးအား ပိုးသတ်ဆေးဖြန်းကာ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားပါသည်။ လုပ်ငန်းခွင်အတွင်းနှင့် ဝန်ထမ်း Canteen တွင်လည်း စိတ်ချလုံခြုံမှု ရှိစေရန် Social Dis- tancing အတွက် (၆) ပေခွာကာ လုပ်ကိုင်စေမည်ဖြစ်ပါသည်။ မတ်လ (၂၃) ရက်နေ့မှ စတင်၍ KMA မှ ဝန်ထမ်းများ၏လုံခြုံရေးအား ရှေးရှုသောအားဖြင့် အလှည့်ကျတာဝန်ထမ်းဆောင်သည့်စနစ် ကို လုပ်ဆောင်ခဲ့သည်။ ထိုနောက် မတ်လ (၃၀) ရက်နေ့မှ စ၍ ဧပြီလတစ်လလုံးအား ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။ မေလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိအား MOHS မှ လမ်းညွှန်မှုများအတိုင်း Work From Home လုပ်ကိုင်စေခဲ့ပါသည်။

 
 
 

Comments


bottom of page