top of page

UPLODED POSTS

Channel K News

  • Writer: BDD
    BDD
  • Jun 9, 2020
  • 1 min read

2020 TV PROGRAM

ree

မကြာမီ Channel K ရုပ်သံလိုင်းမှာ ပရိသတ်များအတွက် ရင်ခုန်ပျော်ရွှင်စရာကောင်းတဲ့ K Night Live အစီအစဉ်ကို ထုတ်လွှင့်တင်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ K Night Live အစီအစဉ်မှာဆိုရင်တော့ နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့ အနုပညာရှင်တွေကို ဖိတ်ခေါ်သွားမှာ ဖြစ်ပြီးတော့ Game အစီအစဉ်တွေ၊ Fun Time အစီအစဉ်တွေ အပြင် အနုပညာရှင်တွေရဲ့ Talent တွေကိုပါ တွေ့မြင်ရဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ထူးထူးခြားခြားအနေနဲ့ Social Media က Social Stars တွေကလည်း ပါဝင်ပြီးတော့ တင်ဆက်ပေးသွားဦးမှာပါ။ အစီအစဉ်တင်ဆက်သူတွေကတော့ Channel K ရဲ့ Presenter များဖြစ်ကြတဲ့ အောင်ဇော်၊ ဇော်ထင် နဲ့ ဆုလဲ့ တို့နှင့်အတူ ရုပ်ရှင်သရုပ်ဆောင် ပွင့် ကလည်းပါဝင်ပြီးတော့ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ K Night Live အစီအစဉ်ကိုတော့ Channel K Digital (Free to air) ရုပ်သံလိုင်းမှာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ည (၈း၀၀) နာရီအချိန်မှာ ထုတ်လွှင့်တင်ဆက်ပြသသွားမှာ ဖြစ်ပါတယ်။

 
 
 

Comments


bottom of page